အမှာစာ---
ကျွန်တော် ခုလို ကိုဖိုးသားလေးရဲ့ စုံစီနဖာဘလော့ဂ် မှာ ပေါက်ကရ အမှာစာ ရေးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ဘ၀င်လည်း မြင့်မိတယ်ဗျာ။ ဘာလို့လည်း ဆိုတော့ ကလေးတွေကို ဆရာလုပ်ရလို့ပါ။
ဟဲဟဲ..နောက်တာ၊ တကယ်ပါ။ ဘာပဲပြောပြောအပြင်လောကမှာ ဆရာလုပ်ခွင့်မရတော့ ခုလို ကျွန်တော်လို ဘလောဂါ ၀ါသနာတစ်ယောက်အတွက် ၀ါသနာတူ ဘလော့ဂါ အသစ်လူငယ်ကလေးတွေကို ဆရာလုပ်ရတာ ကျေနပ်ပါတယ်။အိမ်မှာဆို မိန်းမကိုတောင် ဆရာလုပ်လို့မရဘူး။မိန်းမက ဆရာ ပြန်ပြန်လုပ်နေတာဗျာ။ မနိုင်ဘူး။တအား။
ဒါတွေထားပါတော့၊ခု ကိုဖိုးသားလေးရဲ့ ဘလော့ဂ်ကို အားပေးကြပါဦးဗျာ။သူလည်း ရေးနိုင်မယ့် ဘလောဂါလေးလို့ ထင်မိပါတယ်။သူ့ဟာ အရွယ်ငယ်သလောက် အတွေ့အကြုံ တော်တော်များလှတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေတာကြောင့် ကျွန်တော် ရဲရဲကြီး ပေါက်ကရ အမှာစာ ရေးတာပေါ့ဗျာ။

No comments:
Post a Comment