ဆွဲစုတ်လိုက်စမ်း ဒီပန်းချီကားကို
ဖန်တီးထားတဲ့အနုပညာထဲ
မင်းနာမည်နဲ့ ငါနာမည် မပါစေဘူး။
စမ်းချောင်းလေးတွေ စီးဆင်းသွားသလို
မင်းအတိတ် ငါ့အတိတ်
စီးဆင်းသွားမယ်
ငှက်ကလေးတွေ ပျံသန်းသွားသလို
အနာဂတ်မှာ
တီးတိုးသံတွေ ပြည့်နှက်နေမယ်။
ဝင်သက်ထွက်သက် ဖြည်းဖြည်းမှန်မှန်ရှု
ဝမ်းနည်းစကား ပြည့်ဖုံးကား ချထား
သဘာဝဟာ သူ့အလိုအတိုင်း
ခံစားချက်ကို ဖော့ပြီး မျှောပစ်
ငါတို့ဟာ. . .
မျက်ရည် ပြန်မျိုချရတဲ့ မြစ်တွေ။ ။မျက်ရည်
ပြန်မျိုချရတဲ့မြစ်တွေ ။ အစကတော့ ငါဟာ….
အချစ်ဆိုတဲ့ဈာန်နဲ့ ပျံနေတဲ့ ရထား
အာရုံထဲက ကောင်းကင်ပေါ်မှာ ဟန်တွေနဲ့ ကြွား
အချစ်ကိုကိုးကွယ်ခြင်းဟာ တဒင်္ဂတော့ မှန်နေတဲ့အမှား။
မျှော်နေတဲ့ဘူတာကို ဆိုက်ခါနီးမှ ကံတွေလှည့်စား
ငါ့ကျမှ ကွက်ကျားပြီးတော့ ကံခေခဲ့သလား
သူ့ စိတ်ကိုငါ နားမလည်မှုမှာ သူ့ မာန်တွေပဲ့သွား
သူ့ နှုတ်ခမ်းပြောင်းဝက ပေါက်ကွဲထွက်လာတယ် ရန်မပြေတဲ့စကား
အခုတော့ ကိုယ့်ချစ်သူဟာ မာန်နေတဲ့ကျား။
ဇာတ်သိမ်းတော့ ငါ့ကို အမုန်းလူးထားတဲ့ မြှားတွေနဲ့ မှန်
နှလုံးသားတခုလုံး စုတ်ပြတ်သတ် အသားတွေပဲ့ကျန်
အံသြတုန်လှုပ် မျှော်လင့်ချက်မဲ့ သွားစေတဲ့အသံ
ညည အိပ်မက်ဆိုးထဲထိအောင် ကြားနေခဲ့ပြန်။
အောက်မေ့မှုက စိတ်ငြိမ်းချမ်းမှုကို တားနေခဲ့ပြန်
ပျော်ရွှင်မှုဆိုတာ ငါ့ညတွေမှာ ရှားနေတဲ့ရမ်(မ်)
ချိုစေချင်လို့ အချစ်ထည့်လိုက်မှ ဆားတွေနဲ့ ငန်
ုနောက်ဆုံးတော့ ငါ့လက်ထဲမှာ ခါးနေတဲ့ကြံ။