Friday, February 10, 2012

ဆွဲစုတ်လိုက်စမ်း ဒီပန်းချီကားကို

ဆွဲစုတ်လိုက်စမ်း ဒီပန်းချီကားကို
ဖန်တီးထားတဲ့အနုပညာထဲ
မင်းနာမည်နဲ့ ငါနာမည် မပါစေဘူး။
စမ်းချောင်းလေးတွေ စီးဆင်းသွားသလို
မင်းအတိတ် ငါ့အတိတ်
စီးဆင်းသွားမယ်
ငှက်ကလေးတွေ ပျံသန်းသွားသလို
အနာဂတ်မှာ
တီးတိုးသံတွေ ပြည့်နှက်နေမယ်။
ဝင်သက်ထွက်သက် ဖြည်းဖြည်းမှန်မှန်ရှု
ဝမ်းနည်းစကား ပြည့်ဖုံးကား ချထား
သဘာဝဟာ သူ့အလိုအတိုင်း
ခံစားချက်ကို ဖော့ပြီး မျှောပစ်
ငါတို့ဟာ. . .
မျက်ရည် ပြန်မျိုချရတဲ့ မြစ်တွေ။ ။မျက်ရည်
ပြန်မျိုချရတဲ့မြစ်တွေ ။ အစကတော့ ငါဟာ….
အချစ်ဆိုတဲ့ဈာန်နဲ့ ပျံနေတဲ့ ရထား
အာရုံထဲက ကောင်းကင်ပေါ်မှာ ဟန်တွေနဲ့ ကြွား
အချစ်ကိုကိုးကွယ်ခြင်းဟာ တဒင်္ဂတော့ မှန်နေတဲ့အမှား။
မျှော်နေတဲ့ဘူတာကို ဆိုက်ခါနီးမှ ကံတွေလှည့်စား
ငါ့ကျမှ ကွက်ကျားပြီးတော့ ကံခေခဲ့သလား
သူ့ စိတ်ကိုငါ နားမလည်မှုမှာ သူ့ မာန်တွေပဲ့သွား
သူ့ နှုတ်ခမ်းပြောင်းဝက ပေါက်ကွဲထွက်လာတယ် ရန်မပြေတဲ့စကား
အခုတော့ ကိုယ့်ချစ်သူဟာ မာန်နေတဲ့ကျား။
ဇာတ်သိမ်းတော့ ငါ့ကို အမုန်းလူးထားတဲ့ မြှားတွေနဲ့ မှန်
နှလုံးသားတခုလုံး စုတ်ပြတ်သတ် အသားတွေပဲ့ကျန်
အံသြတုန်လှုပ် မျှော်လင့်ချက်မဲ့ သွားစေတဲ့အသံ
ညည အိပ်မက်ဆိုးထဲထိအောင် ကြားနေခဲ့ပြန်။
အောက်မေ့မှုက စိတ်ငြိမ်းချမ်းမှုကို တားနေခဲ့ပြန်
ပျော်ရွှင်မှုဆိုတာ ငါ့ညတွေမှာ ရှားနေတဲ့ရမ်(မ်)
ချိုစေချင်လို့ အချစ်ထည့်လိုက်မှ ဆားတွေနဲ့ ငန်
ုနောက်ဆုံးတော့ ငါ့လက်ထဲမှာ ခါးနေတဲ့ကြံ။

Thursday, February 2, 2012

မိန်းကလေးအိနြေ္ဒ

တနေ့ ပြင်းပြင်းရှိတာနဲ့ အပြင်ထွက်ကော်ဖီသောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ လို့ စကားပြောရင်း မိန်းကလေး အကြောင်းကိုေ၇ာက်သွားတယ် ပြောတဲ့စကားက မိန်းကလေးအိနြေ္ဒအကြောင်း အင်းဒါနဲ့ ကျွန်တော်က မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရဆိုတော့ သူငယ်ချင်းကထရယ်တယ် ပီးတော့ မဟုတ်ဘူးမှားတယ် ရွှံ့ ပိတ်လို့ မနိုင်တဲ့ ဒါနဲ့ ကျွန်တော်လဲ ဘာမှမပြောပဲ ခြေတလှမ်း ကုဋေတသန်းဆိုတော့ ထပ်ရယ်ပြန်တယ် ခြေတလှမ်းကုဋေတသန်းလား နေစမ်းပါ ဟိုမှာအလန်းလေး ငေးလိုက်ဦးမယ်တဲ့ အင်း အဲ့လိုပြောပီး သူငယ်ချင်းက မြန်မာနဲ့ ပီးတယ်မပြောရဘူး ကဗျာကကောက်စပ်တယ် ဘာတဲ့
ဆိုင်ကယ်စီးကာနဲ့ 
လှမ်းလာတဲ့နှမလေးငယ်
စက်ကပ်အတိုရယ်နဲ့ 
လေလာအဝှေ့ မှာဖြင့်..........
ကဲ မိန်းကလေးအိနြေ္ဒဘယ်နေမှာရှိတာ
ပြောပြကြပါဦးဗျာ.......

တစ်နေ့မှာ ငါ့ကိုတမ်းတမိခဲ့လို

တစ်နေ.မှာ ငါ.ကိုတမ်းတမိခဲ.လို. ငါ.အရပ်ဆီနင်ပြန်လာခဲ.ချင်တယ်ဆို အဖြူစင်ဆုံးရင်ခွင်တစ်စုံ အသန်.ရှင်းဆုံးအပြုံးတစ်ခုနဲ. အရိုးသားဆုံးအပြေးလာခဲ.ပါ တံခါးခေါက်မနေနဲ. ၀င်သာဝင်ခဲ.လိုက်ပါ ငါ.နှလုံးသားတံခါးက နင်.အတွက်ဆို အမြဲအဆင်သင်. ၀င်ချင်ဝင်ထွက်ချင်ထွက် ဒါပေမယ်. နောက်တစ်ခါဆို နင်ဘယ်မှထွက်မသွားပါနဲ.ချစ်သူရယ်ငိုနေတဲ.နှလုံးသားက.....ရယ်နေတဲ.ငါ.နှုတ်ခမ်းတွေကို...ပြောတယ်....ငါလည်းနင်တို.လိုပျော်ချင်လိုက်တာတဲ....မျက်ရည်တွေဝိုင်းနေတဲ....ငါ.မျက်ဝန်းတွေက....ငိုနေတဲ....ငါ.နှလုံးသားကိုအားပေးနေတယ်.....
သူတိုကလဲ...ဟန်ဆောင်နေကြတာလေ...   လွယ်လွယ်လေးနဲ့ မင်း ချန်ထားခဲ့ပေမယ့် ...
နေရာတိုင်းမှာ မင်း အရိပ် တွေမြင်တုန်းပဲ ...
ချစ်ခဲ.တဲ.နင်.ကို...မုန်းချင်လိုက်တာ...အမုန်းဆိုတာ..နင်.အပေါ်ကို...အစက်အပျောက်လေးတစ်ခုအနေနဲ.တောင်...တင်လို.မရတော.လည်း....ငါ.ဘ၀ရဲ.၀ဋ်ကြွေးပဲပေါ....ငါကဖက်တွယ်နေမယ်ဆို...နင်စိတ်ပင်ပန်းရုံပဲရှိမှာပေါလေ....နင်ပျော်သလိုသာနေပါတော.ချစ်သူရယ်....ငါအစောကတည်းကလည်း..အများကြီးမမျှော်လင်.ခဲ.မိပါဘူး...ဒါပေမယ်...တကယ်တမ်းကျတော....ငါမခံစားနိုင်ပါလား...ငါ.မှာဖြေစရာဆိုလို.
....ချစ်ခဲ.ဖူးတဲ.အချိန်တွေကို...ပြန်တမ်းတပြီး..ကျေနပ်နှစ်သိမ်...ပြုံးနေတော.မယ်ချစ်သူရယ်.....

မိန်းကလေး

စိတ်ထားဖြူစင်တဲ့မိန်းကလေး......

ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဂုဏ်ယူလိုစိတ်ရှိစေတယ်။



ကြင်နာတတ်တဲ့မိန်းကလေး......

ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို နွေးထွေးခံစားစေတယ်။



ခွင့်လွှတ်နားလည်တတ်တဲ့မိန်းကလေး.....

ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်ဆင်ခြင်စိတ်ပေးတယ်။



မာနကိုချိုးနှိမ့်တတ်တဲ့မိန်းကလေး.....

ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို အားတုန့်အားနာဖြစ်စေတယ်။

အသိဉာဏ်ရှိတဲ့မိန်းကလေး....

စိတ်ထားဖြူအောင်ပျိုးထောင်ဖို့ နားလည်ပြီး နားလည်ခွင့်လွှတ်စိတ်နဲ့ ချစ်နေတတ်ရမယ်